နိုင်ငံတည်ဆောက်ရေးအတွက် ထည့်သွင်းစဉ်းစားရမည့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ကာလတို၊ ကာလရှည်စိန်ခေါ်မှုများ

၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်

၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်၏အာဏာသိမ်းမှုကြောင့် တိုင်းပြည်သည် ဆိုးဝါးသည့် အကြပ်အတည်းသို့ ဆိုက်ရောက်ခဲ့ရသည်။ ဤစာတမ်းတွင် အစားအစာစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်သူများ၏ စားနပ်ရိက္ခာလက်လှမ်းမှီမှုအခြေအနေများအပေါ် အာဏာသိမ်းမှု၏ ရိုက်ခတ်မှုများကို ရှုမြင်ပြောဆိုထားပါသည်။ သတင်းအချက်အလက်များကို ဒို့မြေကွန်ရက် မိတ်ဘက်အဖွဲ့များထံမှရယူပြီး ပြည်သူအမြောက်အများ၏ ရွှေ့ပြောင်းနေထိုင်ရမှုများ၊ စီးပွားရေးဖိအားများအပြင် တိုင်းပြည်အတွင်းမှ ရှိနှင့်ပြီးသား အစားအစာစနစ်ဆိုင်ရာ ပြဿနာများကြောင့်လည်း စားနပ်ရိက္ခာအကြပ်အတည်းများကြုံရသည်ကို တွေ့ရှိရပါသည်။

ဤစာတမ်းတွင် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ လက်ရှိအခြေအနေများကို ဆန်းစစ်သုံးသပ်ထားပြီး လက်တွေ့ကျင့်သုံးလျက်ရှိသည့် အလေ့အထကောင်းများ၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ၏ အစားအစာစနစ်အတွက် တိုက်တွန်းချက်များကို ဖော်ထုတ်ပြင်ဆင်ထားပါသည်။

စာတမ်းကို အင်္ဂလိပ်ဘာသာမြန်မာဘာသာ တို့ဖြင့် ဖတ်ရှုနိုင်ပါသည်။

စာတမ်းကို စာအုပ်ငယ်ပုံစံဖြင့်လည်း ရယူနိုင်ပြီဖြစ်သည် – အင်္ဂလိပ်ဘာသာမြန်မာဘာသာ

ပြန်စာထားခဲ့ပါ။