“ မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်ဘူး”
“ လူကိုပဲကြိုးပေးလို့ရမယ် ယုံကြည်ချက်ကို ကြိုးပေးလို့မရ”
အထက်ပါ သမိုင်းဝင်ကြွေးကြော်သံများဖြင့် ဖက်ဆစ်အာဏာရှင်အား တွန်းလှန်ရင်း ၁၉၇၆-ခုနှစ် ဇွန်လ(၂၆) တွင် မတရားကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ဆလိုင်းတင်မောင်ဦးအား ဒို့မြေကွန်ရက်က ဦးညွတ်အလေးပြုပါသည်။ ဖက်ဆစ်အာဏာရှင်များအား ဆက်လက်တွန်းလှန်ရာတွင် ဆလိုင်းတင်မောင်ဦးစိတ်ဓါတ်စွဲကိုင် တိုက်ပွဲဝင်ကြရန်လည်း ဒို့မြေကွန်ရက်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။







