မှတ်ချက်။
ပိုင်ဆိုင်မှုဆုံးရှုံးရခြင်းအခြေအနေစောင့်ကြည့်ခြင်းလုပ်ငန်းစဉ်အား ၂၀၂၄-ခုနှစ် ဇူလိုင်လအထိသာ ဆောင်ရွက််ထားရှိပါသည်။ လုပ်ငန်းစဉ်အားပြန်လည်စတင်ပါက အသိပေးအကြောင်းကြားသွားပါမည်။
မြေပြဿနာများကို ၂၀၁၅-ခုနှစ်နှင့် ၂၀၂၀-ခုနှစ်တို့တွင်ပြုလုပ်ခဲ့သော ဒို့မြေကွန်ရက်၏ သုတေသနများ၊ ၂၀၁၉-၂၀၂၀ ခုနှစ်များအတွင်း ဒို့မြေကွန်ရက်၏ မြေအမှုအခင်းမှတ်တမ်းများ၊ (၂၀၂၀-ခုနှစ်နောက်ပိုင်း) သတင်းမီဒီယာများတွင် ဖော်ပြချက်များမှတဆင့်သာ ကောက်ယူစုဆောင်းထားခြင်းဖြစ်သောကြောင့် အချက်အလက်ရရှိမှုတွင် အကန့်အသတ်များစွာရှိပါသည်။ ဤမြေပုံတွင် ဖော်ပြထားနိုင်သည့် ဖြစ်ရပ်များမှာ နိုင်ငံအဝှမ်းတွင် အမှန်တကယ်ကြုံတွေ့နေရသည့် မြေသိမ်းမှုများစွာ၏ အလွန်သေးငယ်သော ပမာဏသာဖြစ်ပါသည်။