သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းကို ကန့်ကွက်ရှုံ့ချခြင်း
၂ဝ၂ဝ-ခုနှစ် မတ်လ(၁ဝ)ရက်
၁။ ၂ဝ၂ဝ-ခုနှစ် မတ်လ(၆)ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု [ရာဇသတ်ကြီးဥပဒေပုဒ်မ-၅ဝ၅(ခ)]ဖြင့် အမှုဖွင့်ကာ ညအချိန်ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်းပြုသည်ဟု ကြားသိရပါသည်။ အဆိုပါဖြစ်ရပ်သည် ၂ဝ၂ဝ-ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ ဘားကပ်ကျေးရွာအုပ်စု၊ နတ်ကုန်းရွာတွင်ပြုလုပ်ခဲ့သည့် ဒေသခံများ၏ ရိုးရာယုံကြည်မှုဓလေ့အရ မေတ္တာပို့ ဆုတောင်းပွဲနှင့်စပ်လျဉ်းသည်ဟုလည်း သိရသည်။
၂။ အဆိုပါ တရားစွဲဆိုအမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းအပေါ် ဒို့မြေကွန်ရက်က ပြင်းထန်စွာကန့်ကွက်ရံှု့ချသည်။
(က) ရိုးရာဓလေ့အရပြုလုပ်သည့် ဆုတောင်းပွဲကိုအကြောင်းပြု၍ တရားစွဲဆိုခြင်း၊ ဝင်ရောက်ဖမ်းဆီး ခြင်းသည် ရိုးရာဓလေ့ကို စော်ကားရာရောက်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကိုလည်း ချိုးဖောက်ရာရောက်သည်။
(ခ) သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးအား ငြိမ်းချမ်းစွာစုစည်းခွင့်နှင့် ငြိမ်းချမ်းစွာ ဖော်ထုတ်ခွင့် အခွင့်အရေးများ ကျင့်သုံးသည့်အတွက် တရားစွဲဆို/ ဝင်ရောက်ဖမ်းဆီးခြင်းသည် လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်ရာရောက်သည့်အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်း များ၏ အခန်းကဏ္႑ကို ခြိမ်းခြောက်ခြင်းဖြစ်သည်။
(ဂ) ယခုကဲ့သို့ မတရားပုဒ်မတပ်၍တရားစွဲဆိုခြင်း၊ ဝင်ရောက်ဖမ်းဆီးခြင်းသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နှင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် လွန်စွာရုပ်ဆိုးသည်။
၃။ သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား စွဲဆိုထားသည့် အမှု များအား ချက်ချင်းပယ်ဖျက်ရန်နှင့် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေးများ နှင့် ဒီမိုကရေစီ စံချိန်စံနှုန်းများကို လေးစားလိုက်နာရန် ဒို့မြေကွန်ရက်က တောင်းဆိုသည်။
– ဆက်သွယ်ရန် –
ကိုစည်သူ – ၀၉ ၇၉၀ ၇၃၉ ၄၈၈
မိခမွန်း – ၀၉ ၄ဝ၁ ၆ဝ၁ ၈၂၂
သဘောထားကြေညာချက်အား ရယူရန် (မြန်မာဘာသာဖြင့်) (အင်္ဂလိပ်ဘာသာဖြင့်)
အလားတူ ကြေညာချက်များအား ရယူရန် –
* ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (မြန်မာဘာသာ) (အင်္ဂလိပ်ဘာသာ)
* မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (မြန်မာဘာသာ)
* သံလွင်မြစ်ထိန်းကာကွယ်ရေးကွန်ယက် (မြန်မာဘာသာ) (အင်္ဂလိပ်ဘာသာ)