တော်လှန်ရင်းစိုက် စိုက်ရင်းတော်လှန် (ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဓါတ်ပုံသပိတ်)

၁၇ အောက်တိုဘာ ၂၀၂၂ ဓမ္မကိုစိုက်ပျိုး အဓမ္မကိုရိုက်ချိုးတော်လှန်ရင်းစိုက် စိုက်ရင်းတော်လှန် အောက်တိုဘာ(၁၆)ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပြီး နွေဦးတော်လှန်ရေး (၆၂၂)ရက်မြောက်နေ့လည်းဖြစ်သည်။ ချင်း၊ ကရင်နီပြည်နှင့် အညာဒေသစိုက်ပျိုးရေးရပ်ဝန်းများမှ စတင်ခဲ့သည့် ကျေးလက်အခြေပြုတော်လှန်ရေးများသည် ယခုအခါ နိုင်ငံအဝှမ်းကျယ်ပြန့်လျက်ရှိသည်။ လက်ရှိကာလတွင် နိုင်ငံအဝှမ်းမှ တောင်သူလယ်သမား မြောက်များစွာသည် ဖက်ဆစ်စစ်တပ်၏ မတရားဖိနှိပ်မှုအောက်တွင် စပါးကျီ၊ သီးနှံ၊ အိုးအိမ်အဆောက်အဦး…

Read More

ဆလိုင်းတင်မောင်ဦးစိတ်ဓါတ် ကိုင်စွဲကြ

“ မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်ဘူး” “ လူကိုပဲကြိုးပေးလို့ရမယ် ယုံကြည်ချက်ကို ကြိုးပေးလို့မရ” အထက်ပါ သမိုင်းဝင်ကြွေးကြော်သံများဖြင့် ဖက်ဆစ်အာဏာရှင်အား တွန်းလှန်ရင်း ၁၉၇၆-ခုနှစ် ဇွန်လ(၂၆) တွင် မတရားကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ဆလိုင်းတင်မောင်ဦးအား ဒို့မြေကွန်ရက်က ဦးညွတ်အလေးပြုပါသည်။ ဖက်ဆစ်အာဏာရှင်များအား ဆက်လက်တွန်းလှန်ရာတွင် ဆလိုင်းတင်မောင်ဦးစိတ်ဓါတ်စွဲကိုင် တိုက်ပွဲဝင်ကြရန်လည်း ဒို့မြေကွန်ရက်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Read More

မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ သဘောထားရပ်တည်ချက်

မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ သဘောထားရပ်တည်ချက် (ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရန်များ) နိဒါန်း ဤစာတမ်းသည် မြန်မာနိုင်ငံတွင်း ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေကြသည့် ဒေသခံအစု အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ဆောင်မှု ရလဒ်တစ်ခုဖြစ်သည်။1 ပူးပေါင်းပါဝင်သူများတွင်၏ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားလူမျိုးအစုအဖွဲ့များ၊ ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးသူများနှင့် တိုက်ရိုက်ထိတွေ့လုပ်ငန်းဆောင်ရွက်နေသူများအပြင် ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးလျက်ရှိကြသည့် ဒေသခံများအပြင်၊ ပဋိပက္ခအမျိုးမျိုးကြောင့် မိမိတို့၏ ဓလေ့ထုံးတမ်းအရ နေထိုင်လုပ်ကိုင်စားသောက်ရာနေရာများမှ…

Read More

တိုင်းရင်းသားလူမျိုးများ အထွေထွေသပိတ်ကော်မတီ၏စစ်ကြောင်း

11 February 2021 တိုင်းရင်းသားလူမျိုးများအထွေထွေသပိတ်ကော်မတီ၏ တပ်မတော်အာဏာသိမ်းခြင်းအား ကန့်ကွက်ကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် တိုင်ရင်းသားလူမျိုး (၁၈) မျိုးမှ လူငယ်များ၊ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါဝင်ကာ လူအင်အား ၅,၀၀၀ ကျော်မှ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ The Ethnic Peoples’ General Strike Committee marched…

Read More

အသရေဖျက်ခြင်းဆိုင်ရာဥပဒေများ ပြုပြင်ပြောင်းလဲရေးအတွက် အဆိုပြုနည်းလမ်းများကို ဒို့မြေကွန်ရက် ပါဝင်ထောက်ခံခြင်း

ဒီဇင်ဘာ ၂ဝ၂ဝ မြန်မာနိုင်ငံတွင် ဖိနှိပ်ရန်အသုံးပြုသည့် အသရေဖျက်မှုဥပဒေများအား ပြုပြင်ပြောင်းလဲရန်အတွက် အဆိုပြုလွှာတစ်ခုကို ဒို့မြေကွန်ရက်က ပါဝင်ထောက်ခံပါသည်။ ၆၆(ဃ)အပါအဝင် အခြားအသရေဖျက်မှုဥပဒေ (၅)ခုအောက်မှ ဒီမိုကရေစီနှင့် ဆန့်ကျင်လျက် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ရာဇဝတ်မှုဖြစ်ရပ်များကို အဆုံးသတ်စေရန် ရည်ရွယ်၍ အဆိုပါ အဆိုပြုလွှာကို FEM က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပြုလွှာတွင်…

Read More

“ကျွန်ုပ်တို့ဒေသတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ” – အစီရင်ခံစာ

“ကျွန်ုပ်တို့ဒေသတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ”ဒေသအသီးသီးမှ လှုပ်ရှားမှုများအား အမျိုးသားအဆင့် ပြန်လည်စုစည်းခြင်း မတ်လ ၂ဝ၂ဝ မူလအရင်းမြစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေသည် ၁၉၉၁-ခုနှစ် န၀တအစိုးရလက်ထက် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းကိုအခြေခံထားသည့် ဥပဒေဖြစ်သည်။ မြေကိုရောင်းကုန်တစ်ခုကဲ့သို့ အရင်း အနှီးပြုကာ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံစေနိုင်ရန် ဆွဲဆောင်ပြဌာန်းခဲ့သည့် အမိန့်ညွှန်ကြားချက် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ…

Read More