၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက် ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲကြီး ပြုလုပ်နေစဉ် ၁၉၆၂-ခုနှစ် မတ်လ(၂)ရက်နေ့ အာရုဏ်မတက်မီအချိန်၌ အာဏာရှင်ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုများကိုသတ်ဖြတ်ခဲ့သည်။ အဆိုပါနေ့ကိုပင် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ဖက်ဒရယ်ရည်မှန်းချက်များအား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ခြင်းကို တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး…
နိုင်ငံတကာပြည်သူများ၏ သွေးစည်းညီညွတ်စွာရပ်တည်ကြောင်းကြေညာချက်
၁၉ ဩဂုတ် ၂၀၂၂ မြန်မာပြည်သူများနှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးနှင့် အတူ သွေးစည်းညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း နိုင်ငံတကာပြည်သူများက ပူးတွဲ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်သည် မြန်မာပြည်တွင်ကြုံတွေ့နေရသည့် အခြေအနေဆိုးများ၊ မြန်မာပြည်သူများ၏ အာဏာရှင်ဆန့်ကျင်ရေးနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်သစ်ဆီ တိုက်ပွဲဝင်နေမှုများကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများထံ ထပ်မံအသိပေးနိုင်ရန်လည်း ရည်ရွယ်ပါသည်။ ကြေညာချက်ကို…
မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ သဘောထားရပ်တည်ချက်
မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ သဘောထားရပ်တည်ချက် (ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရန်များ) နိဒါန်း ဤစာတမ်းသည် မြန်မာနိုင်ငံတွင်း ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေကြသည့် ဒေသခံအစု အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ဆောင်မှု ရလဒ်တစ်ခုဖြစ်သည်။1 ပူးပေါင်းပါဝင်သူများတွင်၏ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားလူမျိုးအစုအဖွဲ့များ၊ ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးသူများနှင့် တိုက်ရိုက်ထိတွေ့လုပ်ငန်းဆောင်ရွက်နေသူများအပြင် ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးလျက်ရှိကြသည့် ဒေသခံများအပြင်၊ ပဋိပက္ခအမျိုးမျိုးကြောင့် မိမိတို့၏ ဓလေ့ထုံးတမ်းအရ နေထိုင်လုပ်ကိုင်စားသောက်ရာနေရာများမှ…
၁၃၂-ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် ကြေညာချက်
၁၃၂–ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် ကြေညာချက် ၂၀၂၂-ခုနှစ်၊ မေလ(၁)ရက် ယနေ့သည် သမိုင်းအဆက်ဆက် အလုပ်သမားထု၏ သွေးစည်းညီညွတ်မှုနှင့် အခန်းကဏ္ဍကို ဖော်ညွှန်းလျက်ရှိနေသည့် ဂုဏ်ရောင်ထွန်းပြောင်သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ဖြစ်သည်။ သမိုင်းအစဉ်အဆက်မှ ယနေ့အချိန်ထိ ဖိနှိပ်မှုများအား ဆန့်ကျင်ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြသည့် မြို့ပြနှင့် ကျေးလက်များမှ အလုပ်သမားထုတစ်ရပ်လုံးနှင့် အလုပ်သမားထု၏ လှုပ်ရှားရုန်းကန်မှုများအား ဒို့မြေကွန်ရက်အနေနှင့် လေးမြတ်စွာဂုဏ်ပြုပါသည်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပေါ်ပေါက်လာသည့်…
မြန်မာစစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လက်နက်အဖြစ် အသုံးပြုနေခြင်းအား ရပ်တန့်ပေးရန်
၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက် ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းနှင့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ခြင်းကို ဦးစားပေးဆောင်ရွက်ပါ။ ကမ္ဘာ့ဒုက္ခသည်များနေ့ အခါသမယတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာပြည်သူများအပေါ် စစ်အုပ်စုက လုပ်ဆောင်နေသည့် အကြမ်းဖက်သော လှုပ်ရှားမှုများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးပြုနိုင်ခြင်း…
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်သောင်းကျန်းမှုများအား ဆန့်ကျင်ရှုတ်ချခြင်း
၂ဝ၂၁-ခုနှစ် မတ်လ(၂)ရက် သမိုင်းကာလတစ်လျှောက် မြေသိမ်းမှုများ၊ တောင်သူလယ်သများများကို အစဉ်တစိုက်ဖိနှိပ်ခြင်းများ ပြုလုပ်လာခဲ့သည့် စစ်တပ်အား ဆန့်ကျင်ရှုတ်ချကြောင်း “တောင်သူလယ်သမားနေ့” အမည်ခံ ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ ၁။ နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံနှင့်အဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်လျက်ရှိသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး/ချုပ်နှောင်ခြင်း၊…
တပ်မတော်၏အာဏာသိမ်းမှုအား ဆန့်ကျင်ရှုတ်ချခြင်း
၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက် ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုအား နိုင်ငံတော်သစ္စာဖောက်မှု၊ လက်နက်ကိုင်အကြမ်းဖက်မှု အဖြစ်သတ်မှတ်ပြီး အပြင်းအထန် ဆန့်ကျင်ရှုတ်ချသည်။ စစ်ဘုရင်ဝါဒနှင့် ဘာသာရေး/လူမျိုးရေးဝါဒကိုအခြေပြု၍ ဖြစ်လာသည့် ဖက်ဆစ်အာဏာရှင်စနစ်အား မိမိတို့အနေဖြင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်သည်။ ဖမ်းဆီးထားသည့် နိုင်ငံရေးသမားများကိုလွှတ်ပေးရန်နှင့် ဖမ်းဆီးခံထားရသော တရားစွဲခံထားရသော တောင်သူ…
အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ကရင်နီအရပ်ဘက်အဖွဲ့များ၏ သဘောထားရပ်တည်ချက် (စက်တင်ဘာ ၂ဝ၂ဝ)
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက် (မူကြမ်း) ကြေညာချက် နှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်ရှိ လူထုအခြေပြု အရပ်ဘက်လူမှုအသင်းအဖွဲ့များ၏သဘောထားရပ်တည်ချက်ထုတ်ပြန်ခြင်း။ ရက်စွဲ။ ။ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်။ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီ၏ ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ပါ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်(မူကြမ်း)နှင့်စပ်လျဉ်း၍ ၂၀၂၀ပြည့်နှစ်၊…
အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းကို ကန့်ကွက်ရှုံ့ချခြင်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းကို ကန့်ကွက်ရှုံ့ချခြင်း ၂ဝ၂ဝ-ခုနှစ် မတ်လ(၁ဝ)ရက် ၁။ ၂ဝ၂ဝ-ခုနှစ် မတ်လ(၆)ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု [ရာဇသတ်ကြီးဥပဒေပုဒ်မ-၅ဝ၅(ခ)]ဖြင့် အမှုဖွင့်ကာ ညအချိန်ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်းပြုသည်ဟု ကြားသိရပါသည်။ အဆိုပါဖြစ်ရပ်သည်…