လက်ရှိ မြေယာပြုပြင်ပြောင်းလဲရေးအခြေအနေအပေါ် တုံ့ပြန်ဆောင်ရွက်မည့် မဟာဗျူဟာရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ

ရန်ကုန်     | ဒီဇင်ဘာ ၂ဝ၁၇

၂ဝ၁၇-ခုနှစ်၊ ဒီဇင်ဘာလ ၁၁ နှင့် ၁၂-ရက်နေ့များတွင် ဒို့မြေကွန်ရက်၏ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသည် မြေယာနှင့်သက်ဆိုင်သည့် ဥပဒေများ (၂၀၁၂-လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ၊ ၁၈၉၄ မြေသိမ်းအက်ဥပဒေ၊ အခြား မြေနှင့်သက်ဆိုင်သော ဥပဒေများ) ပြင်ဆင်နေမှုအပေါ် ဒို့မြေကွန်ရက်၏ ရပ်တည်ချက်အား ဖော်ထုတ် ဆွေးနွေးခြင်းနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များအား ဆွေးနွေးခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတဝှမ်းရှိ မြေယာအရေးလှုပ်ရှားဆောင်ရွက်ကြသော အရပ်ဘက်အဖွဲ့အစည်း ၃၅-ဖွဲ့မှ ဦးဆောင်သူ ၅၇-ဦး တက်ရောက်ခဲ့သည်။ ဒို့မြေကွန်ရက်၏ အမှတ်တံဆိပ် (လိုဂို) ကိုလည်း ရွေးချယ်အတည်ပြုနိုင်ခဲ့ပါသည်။

ဆွေးနွေးပွဲမှတ်တမ်းများကို မြန်မာဘာသာဖြင့်သာ ရရှိနိုင်ပါသည်။
* ဆွေးနွေးပွဲမှတ်တမ်းအကျဉ်း (အနှစ်ချုပ်)
* ဆွေးနွေးပွဲမှတ်တမ်းအပြည့်အစုံ (ကွန်ရက်မိတ်ဘက်အဖွဲ့များအတွက်သာဖြစ်သည်)

ပြန်စာထားခဲ့ပါ။