အမျိုးသားမြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို အိတ်ဖွင့်ပေးစာအနေနှင့် အမျိုးသားမြေအသုံးချမှုကောင်စီထံ ၂ဝ၁၉-ခုနှစ် နိုဝင်ဘာလအတွင်း ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာကို အရပ်ဘက်အဖွဲ့အစည်း ၈၉-ဖွဲ့က ပါဝင်ထောက်ခံထားပြီး ၎င်းပေးစာနှင့်ဆက်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂ဝ၁၉-ခုနှစ် နိုဝင်ဘာလ ၂၆-ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အိတ်ဖွင့်ပေးစာ အပြည့်အစုံကို ဤနေရာတွင် ရယူဖတ်ရှုနိုင်သည်။
နေရပ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် ဘေးဒုက္ခသည်များ၏ မြေယာရပိုင်ခွင့်ဆိုင်ရာ ကြေညာစာတမ်း
၂ဝ၁၉-ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ အဖွင့်နိဒါန်း ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲသ့ ူများနှင့် စစ်ဘေးဒုက္ခသည်များအပြင် ၎င်းတို့ကို အနီးကပ်ပံ့ပိုးကူညီပေးလျက်ရှိသည့် နယ်ခံအဖွဲ့အစည်းများ အတူတကွ စုစည်း၍ ၎င်းတို့၏ နေရပ်ပြန်ရေးနှင့် မူလရပိုင်ခွင့်ပြန်လည်ရရှိရေးဆိုင်ရာ မြေယာကိစ္စရပ်များကို အတူတကွ ဆွေးနွေးအဖြေရာ၍ စည်းရုံးရေးဆိုမည့် လုပ်ငန်းစဉ်တစ်ရပ်ကို ၀ိုင်း၀န်ဖော်ဆောင်လာခဲ့ကြပါသည်။…
ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။
တိုက်ပွဲနှင့် စစ်ဘောင်ကျယ်လာမှုကြောင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်း ရှောင်ခဲ့ရသူများ၏ မြေရပိုင်ခွင့်အခွင့်အရေးအပေါ် TNI ၏ သုံးသပ်ချက် အကျဉ်း ၂၆ သြဂုတ်လ ၂ဝ၁၉ မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။…
မြေသိမ်းမှုများကို ထောက်ပံ့ခြင်းများရပ်ဆိုင်းပါရန် AIIB ဘဏ်သို့ ပေးပို့သည့် PCFS ၏ သဘောထားကြေညာချက်
http://foodsov.org/to-aiib-stop-bankrolling-landgrabs/ ၁၄ ဇူလိုင် ၂ဝ၁၉ Asian Infrastructure and Investment Bank (AIIB) [အာရှအခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်] အနေနှင့် မြေသိမ်းမှုများကိုဖြစ်စေသည့်၊ ကျေးလက်ပြည်သူများ ရွေ့ပြောင်းရစေသည့် စီမံကိန်းများအတွက် ငွေကြေးပံ့ပိုးနေခြင်းကို ရပ်တန့်ပါရန် Peoples Coalition on Food Sovereignty (PCFS)…
ပထမဆုံးအကြိမ် ကော်သူးလေတစ်ခုလုံးဆိုင်ရာကျေးရွာပိုင်ဘုံသစ်တော နှီးနှောဖလှယ်ပွဲထုတ်ပြန်ကြေငြာချက်
၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၄ ရက် ကော်သူးလေတစ်ခုလုံးဆိုင်ရာ ကျေးရွာပိုင်ဘုံသစ်တော ပထမဆုံးအကြိမ်နှီးနှောဖလှယ်ပွဲကို ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့မှ ၃ ရက်နေ့အထိဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပိတခကျေးရွာတွင် ကျင်းပခ့ဲပါသည်။ နှီးနှောဖလှယ်ပွဲတွင် ဌာနေ တိုင်းရင်း သားများ၊ နိုင်ငံတကာ အဖ့ွဲအစည်းများ၊…
“ ကော်” ရိုးရာဓလေ့နယ်မြေ စီမံအုပ်ချုပ်ခြင်းစနစ်ဆိုင်ရာနှီးနှောဖလှယ်ပွဲထုတ်ပြန်ကြေငြာချက်
“ ဒို့ကော်၊ ဒို့ရဲ့ဘ၀၊ ဒို့ရဲ့အနာဂတ်” ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်။ ၂၀၁၉ ခုနှစ်၊ မေလ(၂၉) ရက်မှ (၃၀) ရက်နေ့အထိကျင်းပပြုလုပ်သော “ ကော်” ရိုးရာဓလေ့နယ်မြေစီမံ အုပ်ချုပ်ခြင်းစနစ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဒေသခံလူမှုအသိုင်းအ၀ိုင်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များ၊ နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊…
မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုနှင့်ပတ်သက်၍ ဒို့မြေကွန်ရက်၏သဘောထား
မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုနှင့်ပတ်သက်၍ ဒို့မြေကွန်ရက်၏သဘောထား ၂၀၁၉-ခုနှစ်၊ ဧပြီလ(၁)ရက် မြန်မာနိုင်ငံအတွင်းတည်ဆောက်ပြီးစီးခဲ့သော ရေကာတာစီမံကိန်းများအားလုံးသည် ပြောသလိုမလုပ်၊ ပြောသလိုမဖြစ်ဘဲ အများပြည်သူများထိခိုက်နစ်နာသောစီမံကိန်းများဖြစ်ကြောင်း သက်သေအမြောက် အမြားရှိခဲ့ပြီးဖြစ်သည်။ ထိုစီမံကိန်းများကြောင့် လူပေါင်းများစွာတွင်ဖြစ်ပေါ်လာသော ဘဝထိခိုက်ပျက်စီးမှု များကိုဖြေရှင်းခြင်းမရှိဘဲ စီမံကိန်းအသစ်များကိုသာ ဦးစားပေးလိုက်လံဆောင်ရွက်စီစဉ်နေမှုများကို ကန့်ကွက်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အသက်သွေးကြောဖြစ်သည်။ နိုင်ငံ၏သမိုင်းအမွေအနှစ်ဖြစ်သည်။ မြစ်ဆုံ၊ ဧရာဝတီမြစ်နှင့် မြစ်ဝှမ်းဒေသများ၏…
ကမ္ဘာ့ဘဏ်၏ မြေယာနှင့်ဆင်းရဲနွမ်းပါးမှုကွန်ဖရင့် (၂ဝ၁၉) အပေါ် ဒို့မြေကွန်ရက်၏ သဘောထား
ကမ္ဘာ့ဘဏ်၏ မြေယာနှင့်ဆင်းရဲနွမ်းပါးမှုကွန်ဖရင့်(၂ဝ၁၉)အပေါ် ဒို့မြေကွန်ရက်၏သဘောထား ၂၅ မတ် ၂ဝ၁၉ ၂၅-၂၉ နေ့ရက်များအတွက် ကမ္ဘာ့ဘဏ်က ၎င်း၏နှစ်စဉ်ပြုလုပ်မြဲကွန်ဖရင့်ကို “မြေယာနှင့်ဆင်းရဲနွမ်းပါးမှု” ခေါင်းစဉ် ဖြင့် ကျင်းပလျက်ရှိသည်။ အဆိုပါကွန်ဖရင့်ကို ပညာရှင်များစုစည်း၍ မြန်မာနိုင်ငံမှအရေးကိစ္စများအပါအဝင် ကမ္ဘာ့ မြေယာအရေးအတွက် ဆွေးနွေးအဖြေရှာကြမည့် စကြႅံတစ်ခုအဖြစ် ရည်ရွယ်ထားသည်။ ကမ္ဘာ့ဘဏ်အနေနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူထုများအား…