ကမ္ဘာ့ဘဏ်၏ မြေယာနှင့်ဆင်းရဲနွမ်းပါးမှုကွန်ဖရင့်(၂ဝ၁၉)အပေါ် ဒို့မြေကွန်ရက်၏သဘောထား ၂၅ မတ် ၂ဝ၁၉ ၂၅-၂၉ နေ့ရက်များအတွက် ကမ္ဘာ့ဘဏ်က ၎င်း၏နှစ်စဉ်ပြုလုပ်မြဲကွန်ဖရင့်ကို “မြေယာနှင့်ဆင်းရဲနွမ်းပါးမှု” ခေါင်းစဉ် ဖြင့် ကျင်းပလျက်ရှိသည်။ အဆိုပါကွန်ဖရင့်ကို ပညာရှင်များစုစည်း၍ မြန်မာနိုင်ငံမှအရေးကိစ္စများအပါအဝင် ကမ္ဘာ့ မြေယာအရေးအတွက် ဆွေးနွေးအဖြေရှာကြမည့် စကြႅံတစ်ခုအဖြစ် ရည်ရွယ်ထားသည်။ ကမ္ဘာ့ဘဏ်အနေနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူထုများအား…