မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေမူဘောင်များအပေါ် ဒို့မြေကွန်ရက်၏ သုံးသပ်အကြံပြုချက် ဒီဇင်ဘာ ၂ဝ၂ဝ ဒို့မြေကွန်ရက်သည် နိုင်ငံတဝှမ်းရှိ မြေယာအရေးလှုပ်ရှားကြသော အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ များနှင့် မိတ်ဘက်အဖွဲ့အစည်းများ စုစည်းထားသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော အမျိုးသားအဆင့်ကွန်ရက် ဖြစ်သည်။ ဒို့မြေကွန်ရက်သည် ၂ဝ၁၄-ခုနှစ်မှ စတင်ကာ မြန်မာ့မြေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွင်း အပြုသဘော ဝေဖန်ထောက်ပြ ပံ့ပိုးပေးလျက်ရှိသည်။…
အသရေဖျက်ခြင်းဆိုင်ရာဥပဒေများ ပြုပြင်ပြောင်းလဲရေးအတွက် အဆိုပြုနည်းလမ်းများကို ဒို့မြေကွန်ရက် ပါဝင်ထောက်ခံခြင်း
ဒီဇင်ဘာ ၂ဝ၂ဝ မြန်မာနိုင်ငံတွင် ဖိနှိပ်ရန်အသုံးပြုသည့် အသရေဖျက်မှုဥပဒေများအား ပြုပြင်ပြောင်းလဲရန်အတွက် အဆိုပြုလွှာတစ်ခုကို ဒို့မြေကွန်ရက်က ပါဝင်ထောက်ခံပါသည်။ ၆၆(ဃ)အပါအဝင် အခြားအသရေဖျက်မှုဥပဒေ (၅)ခုအောက်မှ ဒီမိုကရေစီနှင့် ဆန့်ကျင်လျက် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ရာဇဝတ်မှုဖြစ်ရပ်များကို အဆုံးသတ်စေရန် ရည်ရွယ်၍ အဆိုပါ အဆိုပြုလွှာကို FEM က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပြုလွှာတွင်…
ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ စကားဝိုင်း (အောက်တိုဘာ ၂ဝ၂ဝ)
၂ဝ၂ဝ-ခုနှစ် အောက်တိုဘာလ ၁၄-ရက်နေ့က ဒို့မြေကွန်ရက်၊ Burma Environmental Working Group (BEWG)၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် Kayah Earthrights Action Network (KEAN) တို့ ပူးပေါင်းပြီး ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုစကားဝိုင်းကို zoom meeting မှာ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့တစ်ဖွဲ့စီက ဦးဆောင်ဆွေးနွေးသူတစ်ဦးစီ ပါဝင်ဆွေးနွေးခဲ့ကြပြီး…
လွှမ်းခြုံမှုရှိသည့်မြေဥပဒေတစ်ရပ်အတွက် ဒို့မြေကွန်ရက်၏ ရပ်တည်ချက်
အောက်တိုဘာ ၂ဝ၂ဝ ဒို့မြေကွန်ရက်သည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ တောင်သူငယ်များ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်နေကြသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် မိတ်ဖက်အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ မြေယာအရေးလှုပ်ရှားကြသော တိုင်းရင်းသားပေါင်းစုံပါဝင်သည့် စင်္ကြံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် စစ်မှန်မျှတသော ရေရှည်တည်တံ့သည့် ဖွံ့ ဖြိုးရေး၊ အခြေခံလူ့အခွင့်အရေးများကို ပြည့်မီရရှိစေရေး အားထုတ်ကြရာတွင် လုပ်ကွက်ငယ်တောင်သူများနှင့်…
အနာဂတ်မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ဆီသို့ (KEAN ၏ သုံးသပ်ချက်)
အနာဂတ်မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ဆီသို့ အပိုင်း(၂) စက်တင်ဘာ ၂ဝ၂ဝ လက်ရှိ အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွက်လာရန် ချဉ်းကပ်လုပ်ဆောင်နေမှုများသည် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှုအတွက် မည်သို့အာမခံချက်ပေးနိုင်မည်နည်းဟူသော မေးခွန်း၏ အဖြေကို ဦးစွာဖော်ထုတ်ရန် လိုအပ်လာပါသည်။ မြန်မာနိုင်ငံ၏…
အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ကရင်နီအရပ်ဘက်အဖွဲ့များ၏ သဘောထားရပ်တည်ချက် (စက်တင်ဘာ ၂ဝ၂ဝ)
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက် (မူကြမ်း) ကြေညာချက် နှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်ရှိ လူထုအခြေပြု အရပ်ဘက်လူမှုအသင်းအဖွဲ့များ၏သဘောထားရပ်တည်ချက်ထုတ်ပြန်ခြင်း။ ရက်စွဲ။ ။ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်။ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီ၏ ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ပါ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်(မူကြမ်း)နှင့်စပ်လျဉ်း၍ ၂၀၂၀ပြည့်နှစ်၊…
မြေတန်ဖိုး (Short-clip)
မြေ မြေက တန်ဖိုးရှိလား?? မြေ တန်ဖိုးရှိလားလို့ မေးတဲ့အခါ “တန်ဖိုးရှိတာပေါ့” လို့ အားလုံးကဖြေကြပါတယ် . . . ဘယ်နေရာမှာတော့ မြေတစ်ကွက်ကို ဘယ်လောက်တန်တယ် . . . ဘယ်မှာတော့ဖြင့် လယ်တစ်ဧကကို ဘယ်လောက်တန်တယ် ဆိုတာမျိုး ဖြေလေ့ရှိကြပါတယ် . .…
အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းကို ကန့်ကွက်ရှုံ့ချခြင်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းကို ကန့်ကွက်ရှုံ့ချခြင်း ၂ဝ၂ဝ-ခုနှစ် မတ်လ(၁ဝ)ရက် ၁။ ၂ဝ၂ဝ-ခုနှစ် မတ်လ(၆)ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု [ရာဇသတ်ကြီးဥပဒေပုဒ်မ-၅ဝ၅(ခ)]ဖြင့် အမှုဖွင့်ကာ ညအချိန်ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်းပြုသည်ဟု ကြားသိရပါသည်။ အဆိုပါဖြစ်ရပ်သည်…
“ကျွန်ုပ်တို့ဒေသတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ” – အစီရင်ခံစာ
“ကျွန်ုပ်တို့ဒေသတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ”ဒေသအသီးသီးမှ လှုပ်ရှားမှုများအား အမျိုးသားအဆင့် ပြန်လည်စုစည်းခြင်း မတ်လ ၂ဝ၂ဝ မူလအရင်းမြစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေသည် ၁၉၉၁-ခုနှစ် န၀တအစိုးရလက်ထက် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းကိုအခြေခံထားသည့် ဥပဒေဖြစ်သည်။ မြေကိုရောင်းကုန်တစ်ခုကဲ့သို့ အရင်း အနှီးပြုကာ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံစေနိုင်ရန် ဆွဲဆောင်ပြဌာန်းခဲ့သည့် အမိန့်ညွှန်ကြားချက် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ…