၂ဝ၂ဝ-ခုနှစ် အောက်တိုဘာလ ၁၄-ရက်နေ့က ဒို့မြေကွန်ရက်၊ Burma Environmental Working Group (BEWG)၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် Kayah Earthrights Action Network (KEAN) တို့ ပူးပေါင်းပြီး ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုစကားဝိုင်းကို zoom meeting မှာ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့တစ်ဖွဲ့စီက ဦးဆောင်ဆွေးနွေးသူတစ်ဦးစီ ပါဝင်ဆွေးနွေးခဲ့ကြပြီး…
လွှမ်းခြုံမှုရှိသည့်မြေဥပဒေတစ်ရပ်အတွက် ဒို့မြေကွန်ရက်၏ ရပ်တည်ချက်
အောက်တိုဘာ ၂ဝ၂ဝ ဒို့မြေကွန်ရက်သည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ တောင်သူငယ်များ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်နေကြသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် မိတ်ဖက်အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ မြေယာအရေးလှုပ်ရှားကြသော တိုင်းရင်းသားပေါင်းစုံပါဝင်သည့် စင်္ကြံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် စစ်မှန်မျှတသော ရေရှည်တည်တံ့သည့် ဖွံ့ ဖြိုးရေး၊ အခြေခံလူ့အခွင့်အရေးများကို ပြည့်မီရရှိစေရေး အားထုတ်ကြရာတွင် လုပ်ကွက်ငယ်တောင်သူများနှင့်…