မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေမူဘောင်များအပေါ် ဒို့မြေကွန်ရက်၏ သုံးသပ်အကြံပြုချက် ဒီဇင်ဘာ ၂ဝ၂ဝ ဒို့မြေကွန်ရက်သည် နိုင်ငံတဝှမ်းရှိ မြေယာအရေးလှုပ်ရှားကြသော အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ များနှင့် မိတ်ဘက်အဖွဲ့အစည်းများ စုစည်းထားသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော အမျိုးသားအဆင့်ကွန်ရက် ဖြစ်သည်။ ဒို့မြေကွန်ရက်သည် ၂ဝ၁၄-ခုနှစ်မှ စတင်ကာ မြန်မာ့မြေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွင်း အပြုသဘော ဝေဖန်ထောက်ပြ ပံ့ပိုးပေးလျက်ရှိသည်။…
အသရေဖျက်ခြင်းဆိုင်ရာဥပဒေများ ပြုပြင်ပြောင်းလဲရေးအတွက် အဆိုပြုနည်းလမ်းများကို ဒို့မြေကွန်ရက် ပါဝင်ထောက်ခံခြင်း
ဒီဇင်ဘာ ၂ဝ၂ဝ မြန်မာနိုင်ငံတွင် ဖိနှိပ်ရန်အသုံးပြုသည့် အသရေဖျက်မှုဥပဒေများအား ပြုပြင်ပြောင်းလဲရန်အတွက် အဆိုပြုလွှာတစ်ခုကို ဒို့မြေကွန်ရက်က ပါဝင်ထောက်ခံပါသည်။ ၆၆(ဃ)အပါအဝင် အခြားအသရေဖျက်မှုဥပဒေ (၅)ခုအောက်မှ ဒီမိုကရေစီနှင့် ဆန့်ကျင်လျက် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ရာဇဝတ်မှုဖြစ်ရပ်များကို အဆုံးသတ်စေရန် ရည်ရွယ်၍ အဆိုပါ အဆိုပြုလွှာကို FEM က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပြုလွှာတွင်…