“ဝမ်းနည်းကြောင်း သဝဏ်လွှာ” ၃ဝ ဧပြီ ၂ဝ၂၂ ၂၀၂၂-ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အား တည်ထောင်သူတစ်ဦးဖြစ်သူ ခွန်ထွန်းဦး (အသက် ၇၉-နှစ်) သည် ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိရပါသည်။ ခွန်ထွန်းဦးသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပါတီဥက္ကဋ္ဌအဖြစ် (၃၅)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူမျိုးစုလွတ်မြောက်ရေးနှင့် ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးတို့အတွက် မမှိတ်မသုန်တိုက်ပွဲဝင်ခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ နအဖ စစ်အစိုးရ၏…