ဓမ္မကိုစိုက်ပျိုး အဓမ္မကိုရိုက်ချိုးတော်လှန်ရင်းစိုက် စိုက်ရင်းတော်လှန် အောက်တိုဘာ(၁၆)ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပြီး နွေဦးတော်လှန်ရေး (၉၈၇)ရက်မြောက်နေ့ လည်းဖြစ်သည်။ ချင်း၊ ကရင်နီပြည်နှင့် အညာဒေသစိုက်ပျိုးရေးရပ်ဝန်းများမှ စတင်ခဲ့သည့် ကျေးလက် အခြေပြုတော်လှန်ရေးများသည် ယခုအခါ နိုင်ငံအဝှမ်းကျယ်ပြန့်လျက်ရှိသည်။ နိုင်ငံအဝှမ်းမှ တောင်သူ လယ်သမား မြောက်များစွာသည် ဖက်ဆစ်စစ်တပ်၏ မတရားဖိနှိပ်မှုအောက်တွင် စပါးကျီ၊ သီးနှံ၊ အိုးအိမ် အဆောက်အဦး ထောင်သောင်းမက မီးရှို့ဖျက်စီးခံရလျက်ရှိသည်။ စစ်ပြေးစစ်ရှောင်ဘဝများဖြင့် မစိုက်နိုင်…