ဘာတွေလှုပ်ရှားခဲ့ကြသလဲ
တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောက်ပါအချက်များပါဝင်သော ကြေညာချက်အား ဒို့မြေကွန်ရက်က ထုတ်ပြန်ခဲ့သည် –
- ဒီဇင်ဘာ(၂၂)ရက်နေ့အား တောင်သူလယ်သမားနေ့အဖြစ် ထပ်လောင်း ကြေညာခြင်း။
- အာဏာရှင်စနစ်အပါအဝင် မတရားမှု၊ ဖိနှိပ်မှုအသီးသီးကို ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြသည့်/ အသက်ပေးနေကြဆဲ တောင်သူလယ်သမားများအား ဦးညွတ်အလေးပြုခြင်း။
- ခေတ်အဆက်ဆက် မြေယာဥပဒေအမျိုးမျိုးပြဌာန်း၍ မြေယာလက်ဝါးကြီးအုပ်ခြင်း၊ အတင်း အဓမ္မသိမ်းယူခြင်း၊ ရိုးရာဓလေ့မြေအသုံးချမှုများအား ဖျက်ဆီးခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်သော လုပ်ထုံးလုပ်နည်းများ အသုံးပြုခြင်းများအား ရပ်တန့်သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုခြင်း။
- ပြည်သူ့အာဏာကို အဓမ္မသိမ်းယူထားသည့် အာဏာသိမ်းစစ်အုပ်စုအားရှုတ်ချပြီး၊ ပြည်သူလူထု၏ မြေနှင့်အရင်းအမြစ်များအား တရားမဝင် စီမံခန့်ခွဲနေခြင်း၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း များကို အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာခြင်း။
- မြေယာသိမ်းဆည်းမှုများ၊ တောင်သူလယ်သမားများအား ဖမ်းဆီး ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းများ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုအား မီးရှို့ဖျက်ဆီးခြင်းများကို အတိအလင်းဆန့်ကျင်၍ တရားမျှတပြီး လူထုမြေယာအခွင့်အရေးအတွက် အာမခံချက်ရှိသော ဖက်ဒရယ်မြေယာ စီမံခန့်ခွဲမှု စနစ်ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်ရပ်တည်သွားမည်ဖြစ်ကြောင်း ကတိပြုခြင်း။
သဘောထားကြေညာချက်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖတ်ရှုနိုင်သည်။
မိတ်ဘက်အဖွဲ့အစည်းများ၏ တောင်သူလယ်သမားနေ့ဆိုင်ရာ သဝဏ်လွှာနှင့် သတင်းစကားများ ရရှိခဲ့သည်။




တောင်သူလယ်သမားနေ့အထိမ်းအမှတ် အခမ်းအနားနှင့် စကားဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးချက်များကို မြန်မာဘာသာဖြင့် အသံနားဆင်နိုင်သည် (https://www.youtube.com/watch?v=YbQSx91Ae5Q)
မိတ်ဘက်အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများ
တနင်္သာရီတိုင်း၊ လယ်ကဆောမြို့နယ်အတွင်းရှိ မနိုးရုံးကျေးရွာအပါအဝင် ကျေးရွာလေးရွာမှစုပေါင်း၍ သစ်သီးဝလံနှင့် မျိုးစေ့မျိုးစံများ စုဆောင်းထိန်းသိန်းခြင်း တောင်ယာမျိုးစေ့ စုဆောင်းခြင်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဌာနေတိုင်းရင်းသား ၂၀၀-ခန့် တက်ရောက်ခဲ့သည်။






