၁၃၂ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးအထိမ်းအမှတ် ကြေညာချက်

၂၀၂၂-ခုနှစ်၊ မေလ(၁)ရက်

 ယနေ့သည် သမိုင်းအဆက်ဆက် အလုပ်သမားထု၏ သွေးစည်းညီညွတ်မှုနှင့် အခန်းကဏ္ဍကို ဖော်ညွှန်းလျက်ရှိနေသည့် ဂုဏ်ရောင်ထွန်းပြောင်သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ဖြစ်သည်။

 သမိုင်းအစဉ်အဆက်မှ ယနေ့အချိန်ထိ ဖိနှိပ်မှုများအား ဆန့်ကျင်ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြသည့် မြို့ပြနှင့် ကျေးလက်များမှ အလုပ်သမားထုတစ်ရပ်လုံးနှင့် အလုပ်သမားထု၏ လှုပ်ရှားရုန်းကန်မှုများအား ဒို့မြေကွန်ရက်အနေနှင့် လေးမြတ်စွာဂုဏ်ပြုပါသည်။

 စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပေါ်ပေါက်လာသည့် လူထုလှုပ်ရှားမှုများအတွင်း မြို့ပြနှင့် ကျေးလက်များမှ အလုပ်သမားများ၏ ဦးဆောင်ပါဝင်မှုကို ဤကြေညာချက်ဖြင့် အလေးအနက်မှတ်တမ်းတင်အပ်ပါသည်။ ရုန်းကန်အံတုမှုများအတွင်း အသက် သွေး ချွေး စတေးခဲ့ကြသော၊ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သော အလုပ်သမားထုတစ်ရပ်လုံးအား ဒို့မြေကွန်ရက်က ဤကြေညာချက်မှတဆင့် ဂုဏ်ပြုဦးညွှတ်ပါသည်။

ဒို့မြေကွန်ရက် (Land in Our Hands)
https://lioh.org

ပြန်စာထားခဲ့ပါ။