နိုင်ငံတဝှမ်းမှ “မြေလွတ်မြေလပ်မြေရိုင်းမရှိ” လှုပ်ရှားမှုများကို အမျိုးသားအဆင့်ပြန်လည်စုစည်းသည့် ဆွေးနွေးပွဲတွင် မြေယာတရားမမျှတမှုများအား သုတေသနပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကနဦးအစီအစဉ်အရ တနိုင်ငံလုံးအတိုင်းအတာဖြင့် အချက်အလက်ကောက်ယူလေ့လာရန်ဖြစ်သော်လည်း ကိုဗစ်ကူးစက်မှုဆိုင်ရာအကန့်အသတ်များ၊ အာဏာသိမ်းမှုကြောင့်ကြုံရသည့် အဟန့်အတားများကြောင့် ပြည်နယ်/တိုင်း ၆-ခုတွင်သာ အချက်အလက်များကို ကောက်ယူနိုင်ခဲ့သည်။ စစ်တမ်းအတွင်းပါဝင်ဖြေဆိုသူဦးရေ ၂,၀၀၀ ကျော်နှင့် မြေသိမ်းဖြစ်ရပ် ၂၀-ကျော်အား စုစည်းရရှိခဲ့ပြီး ကနဦးတွေ့ရှိချက်များကို ၂၀၂၂-ခုနှစ်အတွင်း ဒို့မြေကွန်ရက်မိတ်ဖက်အချို့ထံ ချပြဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ၂၀၂၃-ခုနှစ်တွင် အသုံးပြုနိုင်သည့် အစီရင်ခံစာတစ်စောင်အဖြစ် အဆုံးသတ်လိုက်ပြီး လူထုမြေယာအခွင့်အရေးနှင့် ဖက်ဒရယ်မြေယာအရေးများအတွက် ကျယ်ပြန့်သည့်ဆွေးနွေးမှုများ၊ အများသဘောတူ အဓိပ္ပါယ်ဖွင့်ဆိုမှုများ၊ ပိုမိုကောင်းမွန်သည့် ရပ်တည်ချက်များဖြစ်လာနိုင်ရန် ရည်ရွယ်ကာ အစီရင်ခံစာကိုထုတ်ပြန်လိုက်ရပါသည်။


မြေယာတရားမမျှတမှုများ။ ။ မြေသိမ်းမှုများ၊ မမျှတသည့် မြေဥပဒေများနှင့် မြေကိုကုန်စည်ပြုမှုများကြားမှ ဓလေ့ထုံးတမ်းစနစ်အသုံးပြုသူများ၏ ဘဝများနှင့် ရုန်းကန်ရမှုများ
အစီရင်ခံစာကို အင်္ဂလိပ်ဘာသာမြန်မာဘာသာ တို့ဖြင့် ရယူနိုင်ပါသည်။


ပြန်စာထားခဲ့ပါ။