တောင်သူလယ်သမားနေ့ သမိုင်းအကျဉ်း
ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲကြီး ပြုလုပ်နေစဉ် ၁၉၆၂-ခုနှစ် မတ်လ(၂)ရက်နေ့ အာရုဏ်မတက်မီအချိန်၌ အာဏာရှင်ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုများကိုသတ်ဖြတ်ခဲ့သည်။ အဆိုပါနေ့ကိုပင် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ဖက်ဒရယ်ရည်မှန်းချက်များအား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ခြင်းကို တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး အင်အားစုအသီးသီးက လက်ခံနိုင်ခြင်းမရှိပါ။ သို့ဖြစ်ရာ တော်လှန်ရေးခေါင်းဆောင် (သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ) ဆရာစံက ကိုလိုနီနယ်ချဲ့စနစ်အား စတင်တော်လှန်ခဲ့သည့်သည့် ၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် အသိအမှတ်ပြု ကျင်းပခဲ့ကြသည်။ ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလ(၂၁-၂၂)ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် တောင်သူ လယ်သမားညီလာခံတွင် နိုင်ငံအဝှမ်းမှ တောင်သူလယ်သမား အင်အားစုအသီးသီး၏ သဘောထားများကို ရယူကာ ဒီဇင်ဘာ(၂၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ထပ်မံအတည်ပြုခဲ့ကြသည်။
[ဘာကြောင့် ဒီဇင်ဘာ(၂၂)ရက်နေ့က တောင်သူလယ်သမားနေ့ဖြစ်ရတာလဲ – https://www.youtube.com/watch?v=Rt4Rfrx97bI]
ဒို့မြေကွန်ရက်သည် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ(၂၂)ရက်နေ့တွင် အောက်ပါရည်ရွယ်ချက်များဖြင့် တောင်သူလယ်သမားနေ့ကို ဆင်နွဲပြုလုပ်လေ့ရှိပါသည်။
- ဖက်ဒရယ်စနစ်အား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် လက်မခံဘဲ တောင်သူလယ်သမားအရေးတော်ပုံစတင်ခဲ့သည့် ဒီဇင်ဘာ(၂၂)ရက်နေ့အား တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်နိုင်ရန်။
- အာဏာရှင်စနစ်အပါအဝင် မတရားမှု၊ ဖိနှိပ်မှုအသီးသီးကို ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြသည့် တောင်သူလယ်သမား အာဇာနည်များ၊ ယနေ့အချိန်ထိ တော်လှန်နေကြဆဲ တောင်သူ လယ်သမားများနှင့် မြေယာအရေးလှုပ်ရှားသူများအား ဦးညွတ်အလေးပြုနိုင်ရန်။
- မြေယာလက်ဝါးကြီးအုပ်ခြင်း၊ အတင်းအဓမ္မသိမ်းယူခြင်း၊ ရိုးရာဓလေ့မြေအသုံးချမှုများအား ဖျက်ဆီးခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်သော လုပ်ထုံးလုပ်နည်းအသုံးပြုခြင်းများ ရပ်တန့်သွားသည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ကတိပြုနိုင်ရန်။
၂၀၂၄-ခုနှစ်တွင် ကျရောက်သော တောင်သူလယ်သမားနေ့တွင် ထုတ်ပြန်သော ဒို့မြေကွန်ရက်၏ ကြေညာချက်
ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲကြီး ပြုလုပ်နေစဉ် ၁၉၆၂-ခုနှစ် မတ်လ(၂)ရက်နေ့ အာရုဏ်မတက်မီအချိန်၌ အာဏာရှင် ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုများကိုသတ်ဖြတ်ခဲ့သည်။ အဆိုပါ နေ့ကိုပင် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ဖက်ဒရယ်ရည်မှန်းချက်များအား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခြင်းကို တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး အင်အားစုအသီးသီးက လက်ခံနိုင်ခြင်းမရှိပါ။ သို့ဖြစ်ရာ တော်လှန်ရေးခေါင်းဆောင် (သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ) ဆရာစံက ကိုလိုနီနယ်ချဲ့စနစ်အား စတင်တော်လှန်ခဲ့သည့်သည့် ၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် အသိအမှတ်ပြု ကျင်းပခဲ့ကြသည်။ ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလ(၂၁-၂၂)ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် တောင်သူလယ်သမားညီလာခံတွင် နိုင်ငံအဝှမ်းမှ တောင်သူလယ်သမား အင်အားစုအသီးသီး၏ သဘော ထားများကို ရယူကာ ဒီဇင်ဘာ(၂၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ထပ်မံအတည်ပြုခဲ့ကြသည်။
၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်တွင် ကျရောက်သော တောင်သူလယ်သမားနေ့တွင် ဒို့မြေကွန်ရက်မှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
- ၁။ ဖက်ဒရယ်စနစ်အား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ခြင်းအား လက်မခံဘဲ ဆရာစံစတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ(၂၂)ရက်နေ့အား တောင်သူလယ်သမားနေ့အဖြစ် ထပ်လောင်း ကြေညာသည်။
- ၂။ အာဏာရှင်စနစ်အပါအဝင် မတရားမှု၊ ဖိနှိပ်မှုအသီးသီးကို ခေတ်အဆက်ဆက် အသက်ပေးခဲ့ ကြသည့် တောင်သူလယ်သမား အာဇာနည်များ၊ ယနေ့အချိန်ထိ တော်လှန်နေကြဆဲ တောင်သူ လယ်သမားများနှင့် မြေယာအရေးလှုပ်ရှားသူများအား ဦးညွတ်အလေးပြုသည်။
- ၃။ ခေတ်အဆက်ဆက် မြေယာဥပဒေအမျိုးမျိုးပြဌာန်း၍ မြေယာလက်ဝါးကြီးအုပ်ခြင်း၊ အတင်း အဓမ္မသိမ်းယူခြင်း၊ ရိုးရာဓလေ့မြေအသုံးချမှုများအား ဖျက်ဆီးခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်သော လုပ်ထုံးလုပ်နည်းများ အသုံးပြုခြင်းများအား ရပ်တန့်သွားသည်အထိ တိုက်ပွဲဝင်သွားမည်။
- ၄။ ပြည်သူ့အာဏာကို အဓမ္မသိမ်းယူထားသည့် အာဏာသိမ်းစစ်အုပ်စုအားရှုတ်ချပြီး၊ ပြည်သူလူထု၏ မြေနှင့်အရင်းအမြစ်များအား တရားမဝင် စီမံခန့်ခွဲနေခြင်း၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း များကို အပြင်းအထန် ကန့်ကွက်သည်။
- ၅။ မြေယာသိမ်းဆည်းမှုများ၊ တောင်သူလယ်သမားများအား ဖမ်းဆီး ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းများ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုအား မီးရှို့ဖျက်ဆီးခြင်းများကို အတိအလင်းဆန့်ကျင်၍ တရားမျှတပြီး လူထုမြေယာအခွင့်အရေးအတွက် အာမခံချက်ရှိသော ဖက်ဒရယ်မြေယာ စီမံခန့်ခွဲမှု စနစ်ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်ရပ်တည်သွားမည်။
——-
“ ဖက်ဆစ်အာဏာရှင်စနစ် ဆန့်ကျင်ကြ”
“ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်ကြ”
——-
ဒို့မြေကွန်ရက်
Land in Our Handshttps://lioh.org, lioh@proton.me


သဘောထားကြေညာချက်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရယူနိုင်ပါသည်။

ယခင်နှစ်များမှ လှုပ်ရှားမှုများ
တောင်သူလယ်သမားနေ့ (၂၀၂၃)
- တောင်သူလယ်သမားနေ့သမိုင်းအကျဉ်း၊ ခေါင်းဆောင်များထံမှပေးပို့သော သဝဏ်လွှာနှင့် သတင်းစကားများ (https://lioh.org/my/peasant-day-2023-mm/)
- တောင်သူလယ်သမားနေ့က ဘယ်နေ့လဲ (ရုပ်/သံ) (https://www.youtube.com/watch?v=Rt4Rfrx97bI)
- တောင်သူလယ်သမားနေ့အခမ်းအနား (အသံဖြင့်နားဆင်ရန်) (https://www.youtube.com/watch?v=ulgUUvfF0TE)
တောင်သူလယ်သမားနေ့ (၂၀၂၂)
- တောင်သူလယ်သမားနေ့သမိုင်းအကျဉ်း (https://lioh.org/my/peasant-day-2022-mm/)
- တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်နှင့် စကားဝိုင်း (https://www.youtube.com/watch?v=c4EfcDImmJM)
- စကားဝိုင်းမှ ဆွေးနွေးချက်များကို ဖတ်ရှုရန် (https://lioh.org/wp-content/uploads/2024/12/PeasantDay_OnlineTalk_Script_20221222.pdf)