၂၂ ဒီဇင်ဘာ ၂၀၂၃

ဒို့မြေကွန်ရက်သည် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ(၂၂)ရက်နေ့တွင် အောက်ပါရည်ရွယ်ချက်များဖြင့် တောင်သူလယ်သမားနေ့ကို ဆင်နွဲပြုလုပ်လေ့ရှိပါသည်။

  • ဖက်ဒရယ်စနစ်အား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် လက်မခံဘဲ တောင်သူလယ်သမားအရေးတော်ပုံစတင်ခဲ့သည့် ဒီဇင်ဘာ(၂၂)ရက်နေ့အား တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်နိုင်ရန်။
  • အာဏာရှင်စနစ်အပါအဝင် မတရားမှု၊ ဖိနှိပ်မှုအသီးသီးကို ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြသည့် တောင်သူလယ်သမား အာဇာနည်များ၊ ယနေ့အချိန်ထိ တော်လှန်နေကြဆဲ တောင်သူ လယ်သမားများနှင့် မြေယာအရေးလှုပ်ရှားသူများအား ဦးညွတ်အလေးပြုနိုင်ရန်။
  • မြေယာလက်ဝါးကြီးအုပ်ခြင်း၊ အတင်းအဓမ္မသိမ်းယူခြင်း၊ ရိုးရာဓလေ့မြေအသုံးချမှုများအား ဖျက်ဆီးခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်သော လုပ်ထုံးလုပ်နည်းအသုံးပြုခြင်းများ ရပ်တန့်သွားသည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ကတိပြုနိုင်ရန်။

တောင်သူလယ်သမားနေ့ သမိုင်းအကျဉ်း

ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲကြီး ပြုလုပ်နေစဉ် ၁၉၆၂-ခုနှစ် မတ်လ(၂)ရက်နေ့ အာရုဏ်မတက်မီအချိန်၌ အာဏာရှင်ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုများကိုသတ်ဖြတ်ခဲ့သည်။ အဆိုပါနေ့ကိုပင် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ဖက်ဒရယ်ရည်မှန်းချက်များအား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ခြင်းကို တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး အင်အားစုအသီးသီးက လက်ခံနိုင်ခြင်းမရှိပါ။ သို့ဖြစ်ရာ တော်လှန်ရေးခေါင်းဆောင် (သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ) ဆရာစံက ကိုလိုနီနယ်ချဲ့စနစ်အား စတင်တော်လှန်ခဲ့သည့်သည့် ၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် အသိအမှတ်ပြု ကျင်းပခဲ့ကြသည်။ ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလ(၂၁-၂၂)ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် တောင်သူ လယ်သမားညီလာခံတွင် နိုင်ငံအဝှမ်းမှ တောင်သူလယ်သမား အင်အားစုအသီးသီး၏ သဘောထားများကို ရယူကာ ဒီဇင်ဘာ(၂၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ထပ်မံအတည်ပြုခဲ့ကြသည်။

[ဘာကြောင့် ဒီဇင်ဘာ(၂၂)ရက်နေ့က တောင်သူလယ်သမားနေ့ဖြစ်ရတာလဲ –  https://www.youtube.com/watch?v=Rt4Rfrx97bI]


မိတ်ဘက်များနှင့် တော်လှန်ရေးခေါင်းဆောင်များထံမှ​ သတင်းစကားများ

၁။ တောင်သူ့လွတ်မြောက်ရေးအင်အားစု

၂။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ)

၃။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဒုစစ်ဦးစီးချုပ် မာဝီ၏ သတင်းစကား(ရုပ်/သံ)ကို ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/watch/?v=345675428214550

၄။ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)

၅။ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု (AJMM)

၆။ တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး (PMYA)

၇။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ


၂၀၂၂-ခုနှစ် တောင်သူလယ်သမားနေ့လှုပ်ရှားမှု



၂၀၂၃-ခုနှစ် တောင်သူလယ်သမားနေ့အထိမ်းအမှတ် အခမ်းအနားအစီအစဉ်ကို Youtube တွင် နားဆင်နိုင်ပါသည်။

ပြန်စာထားခဲ့ပါ။