၁၇ အောက်တိုဘာ ၂၀၂၂ ဓမ္မကိုစိုက်ပျိုး အဓမ္မကိုရိုက်ချိုးတော်လှန်ရင်းစိုက် စိုက်ရင်းတော်လှန် အောက်တိုဘာ(၁၆)ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပြီး နွေဦးတော်လှန်ရေး (၆၂၂)ရက်မြောက်နေ့လည်းဖြစ်သည်။ ချင်း၊ ကရင်နီပြည်နှင့် အညာဒေသစိုက်ပျိုးရေးရပ်ဝန်းများမှ စတင်ခဲ့သည့် ကျေးလက်အခြေပြုတော်လှန်ရေးများသည် ယခုအခါ နိုင်ငံအဝှမ်းကျယ်ပြန့်လျက်ရှိသည်။ လက်ရှိကာလတွင် နိုင်ငံအဝှမ်းမှ တောင်သူလယ်သမား မြောက်များစွာသည် ဖက်ဆစ်စစ်တပ်၏ မတရားဖိနှိပ်မှုအောက်တွင် စပါးကျီ၊ သီးနှံ၊ အိုးအိမ်အဆောက်အဦး…
နိုင်ငံတကာပြည်သူများ၏ သွေးစည်းညီညွတ်စွာရပ်တည်ကြောင်းကြေညာချက်
၁၉ ဩဂုတ် ၂၀၂၂ မြန်မာပြည်သူများနှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးနှင့် အတူ သွေးစည်းညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း နိုင်ငံတကာပြည်သူများက ပူးတွဲ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်သည် မြန်မာပြည်တွင်ကြုံတွေ့နေရသည့် အခြေအနေဆိုးများ၊ မြန်မာပြည်သူများ၏ အာဏာရှင်ဆန့်ကျင်ရေးနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်သစ်ဆီ တိုက်ပွဲဝင်နေမှုများကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများထံ ထပ်မံအသိပေးနိုင်ရန်လည်း ရည်ရွယ်ပါသည်။ ကြေညာချက်ကို…
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ၏ သုတေသနစာတမ်း (၂ဝ၂၂-ခုနှစ် ဖေဖော်ဝါရီလ ၂၂-ရက်)
အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်ရေးကြေညာချက်၊ အင်တာဗျူးများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုများ (၂၂၊ ဖေဖော်ဝါရီ၊ ၂၀၂၂ ခုနှစ်) သုတေသနစာတမ်းကို လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) မှ ပြုစုခဲ့ပြီး မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။ (ဤနေရာတွင် ရယူနိုင်သည်) မူရင်း-link
ဆလိုင်းတင်မောင်ဦးစိတ်ဓါတ် ကိုင်စွဲကြ
“မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်ဘူး” “လူကိုပဲကြိုးပေးလို့ရမယ် ယုံကြည်ချက်ကို ကြိုးပေးလို့မရ” အထက်ပါ သမိုင်းဝင်ကြွေးကြော်သံများဖြင့် ဖက်ဆစ်အာဏာရှင်အား တွန်းလှန်ရင်း ၁၉၇၆-ခုနှစ် ဇွန်လ(၂၆) တွင် မတရားကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ဆလိုင်းတင်မောင်ဦးအား ဒို့မြေကွန်ရက်က ဦးညွတ်အလေးပြုပါသည်။ ဖက်ဆစ်အာဏာရှင်များအား ဆက်လက်တွန်းလှန်ရာတွင် ဆလိုင်းတင်မောင်ဦးစိတ်ဓါတ်စွဲကိုင် တိုက်ပွဲဝင်ကြရန်လည်း ဒို့မြေကွန်ရက်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြန်မာနိုင်ငံရှိ အစားအစာအခွင့်အရေးဆိုင်ရာဆွေးနွေးတင်ပြချက်
မြန်မာနိုင်ငံရှိ အစားအစာအခွင့်အရေးဆိုင်ရာဆွေးနွေးတင်ပြချက် ဒို့မြေကွန်ရက် ၁၃ မေလ ၂ဝ၂၂ မှတ်ချက်။ ။ ဤတင်ပြချက်သည် ကြိုတင်ပေးပို့ထားသော မေးခွန်းများအလိုက် ပြန်လည်ဖြေကြားထားခြင်းသာ ဖြစ်ပြီး လွှမ်းခြုံမိသော ဆွေးနွေးချက်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများစွာ နေထိုင်ကြပြီး အခက်အခဲများကြုံရချိန်တွင် မိသားစုများကို နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာဖြစ်စေသည့် အစားအစာများကို သက်ဆိုင်ရာ လူမျိုးအလိုက် တွေ့ရှိနိုင်ပါသည်။…
မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ သဘောထားရပ်တည်ချက်
မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ သဘောထားရပ်တည်ချက် (ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရန်များ) နိဒါန်း ဤစာတမ်းသည် မြန်မာနိုင်ငံတွင်း ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေကြသည့် ဒေသခံအစု အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ဆောင်မှု ရလဒ်တစ်ခုဖြစ်သည်။1 ပူးပေါင်းပါဝင်သူများတွင်၏ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားလူမျိုးအစုအဖွဲ့များ၊ ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးသူများနှင့် တိုက်ရိုက်ထိတွေ့လုပ်ငန်းဆောင်ရွက်နေသူများအပြင် ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးလျက်ရှိကြသည့် ဒေသခံများအပြင်၊ ပဋိပက္ခအမျိုးမျိုးကြောင့် မိမိတို့၏ ဓလေ့ထုံးတမ်းအရ နေထိုင်လုပ်ကိုင်စားသောက်ရာနေရာများမှ…
၁၃၂-ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် ကြေညာချက်
၁၃၂–ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် ကြေညာချက် ၂၀၂၂-ခုနှစ်၊ မေလ(၁)ရက် ယနေ့သည် သမိုင်းအဆက်ဆက် အလုပ်သမားထု၏ သွေးစည်းညီညွတ်မှုနှင့် အခန်းကဏ္ဍကို ဖော်ညွှန်းလျက်ရှိနေသည့် ဂုဏ်ရောင်ထွန်းပြောင်သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ဖြစ်သည်။ သမိုင်းအစဉ်အဆက်မှ ယနေ့အချိန်ထိ ဖိနှိပ်မှုများအား ဆန့်ကျင်ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြသည့် မြို့ပြနှင့် ကျေးလက်များမှ အလုပ်သမားထုတစ်ရပ်လုံးနှင့် အလုပ်သမားထု၏ လှုပ်ရှားရုန်းကန်မှုများအား ဒို့မြေကွန်ရက်အနေနှင့် လေးမြတ်စွာဂုဏ်ပြုပါသည်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပေါ်ပေါက်လာသည့်…
ဒို့မြေရဲ့ တယ်လီဂရမ်ချန်နယ်ကို စတင်လိုက်ပါပြီ
ဒို့မြေရဲ့ တယ်လီဂရမ်ချန်နယ်ကို စတင်လိုက်ပါပြီ။မြေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဝေမျှနိုင်ဖို့နဲ့ မိတ်ဘက်အဖွဲ့တွေအချင်းချင်း လက်တွဲကူညီလို့ရအောင် ရည်ရွယ်ပါတယ်။.မြေဟာ ငြိမ်းချမ်းရေး၊ အချုပ်အခြာအာဏာ၊ ဖက်ဒရယ်မြေအုပ်ချုပ်မှုတို့နဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုနောက်ပိုင်းနဲ့ ၂ဝ၂၁-အာဏာသိမ်းပြီးနောက်ပိုင်းတွေမှာ မြေသိမ်းမှုတွေဟာ ဆက်လက်ဖြစ်ပွားရုံမက ပိုပြီး ဆိုးဝါးလာတာကို တွေ့ရှိရပါတယ်။ အိုးအိမ်/မြေ/လယ်/ကိုင်းတွေကို ပုံစံမျိုးစုံနဲ့ လက်လွတ်ဆုံးရံှုးရတာတွေ၊ စွန့်ခွာရှောင်တိမ်းရတာတွေ ပိုများလာပါတယ်။.ဒို့မြေအနေနဲ့ အာဏာရှင်ဆန့်ကျင်ရေး…
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ၏ နိုင်ငံရေးသုံးသပ်ချက် စာတမ်း
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ၏ (GSCN) နိုင်ငံရေးသုံးသပ်ချက် စာတမ်း ၂ဝ၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့ထိ မူရင်းပို့စ်အားကြည့်ရန်